
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ် ဧပြီလ ၄ရက်နှင့် ၅ရက်နေ့များတွင် ပန်းတနော်မြို့နယ်ရှိ မြို့ကွက်သစ်ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော မြို့နယ်ဆီကုန်သည်အသင်းမှ ဦးဆောင်၍ စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
ပန်းတနော်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် စျေးကားဖြင့်လှည့်လည်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိ စားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၇၃၀၀ နှုန်းဖြင့် စျေးကားဖြင့် လှည့်လည်၍ လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ကျပ်သား နှုန်းဖြင့် တစ်ရက်လျင် ဆီအချိန် ၁၁၀ ပိဿာရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၇၅၀၀ ထိရှိရာ ယခုကဲ့သို့ စားအုံးဆီ တစ်ပိဿာ ငွေကျပ် ၇၃၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန်အတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
