
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ /မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်း ပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ် မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက် ညီမှုရှိ/မရှိဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိပါသည်။
ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၇.၃. ၂၀၂၆) ရက်နေ့၊ ပခုက္ကူမြို့ပေါ်ရှိ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်နှင့် (၁၈.၃.၂၀၂၆)ရက်နေ့တွင် ဆန် ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြနိုင်ရေး ဈေးကွက်မရောက်မီ စောင့် ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကုန်စည်၏ ထုတ်ပိုးမှု ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိ ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့နောက်ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာ အချက်အလက်များ အကြောင်းအား ဆွေးနွေးပြောကြားခဲ့ပြီး ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်နှင့် ဆန်ခေါက်ဆွဲ လုပ်ငန်းများ ၏ လုပ်ငန်းလည်ပတ်နေမှုအား လေ့လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
