အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ သတ်မှတ်ချက် များအား နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံ သည် (၁၇.၃.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online Sale လုပ်ငန်းများမှတ်ပုံ တင်လျှောက်ထားခြင်း ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ‌‌ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှု ကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာ ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လိုသူသည် ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။     DOCA(မန္တလေး)