ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့) အကြောင်း အသိပညာပေး ဟောပြော

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၄.၃.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် မိတ်ဖက်ဌာနဖြစ်သော ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့) အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

                ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည်  မတ်လ ၁၅ ရက်နေ့ တွင် ကျရောက်မည့် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောက်တံခါးမြို့နယ်တွင်လည်း (ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့) အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ပြည်သူများသို့ ဖြန့်ဝေမည့် လက်ကမ်းစာစောင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာ ကွယ်ရေးလုပ်ဆောင်ချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူနစ်နာမှုများ ကြုံတွေ့လာရပါက စားသုံးသူရေးရာဦးစီး ဌာနသို့ လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လာရောက်တိုင်ကြားနိုင် ကြောင်း ၊ ပြည်သူများနှင့် လာရောက်တိုင်ကြားနိုင်ရန်အတွက်လည်း  တိုင်းဒေသကြီး/ ပြည်နယ်များ နှင့် ခရိုင်/မြို့နယ်များတွင် စားသုံးသူရေးရာဦးစီးဌာနရုံးများ (စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ - CICC ရုံးများ)ကို အချိန်ပြည့်ဖွင့်လှစ်ကာ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူကိုယ်တိုင်မလာရောက်နိုင်ပါကလည်း Hotline နံပါတ် ၁၅၃၅ နှင့် အင်တာနက် စာမျက်နှာ www.doca.gov.mm သို့ တိုင်ကြားနိုင်ကြောင်းတို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)