ရုံးချုပ် (နေပြည်တော်) တွင် MRTV HD နှင့် ပူးပေါင်း၍ World Comsumer Rights Day အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေ ပြည်တော်) တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV HD နှင့် ပူးပေါင်း၍ World Comsumer Rights Day (ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့) အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲအား ၁၃. ၃.၂၀၂၆ ရက်နေ့ ညနေ ၄နာရီ ၄၅ မိနစ်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများမှ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

          အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် World Comsumer Rights Day (ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV HD နှင့် ပူးပေါင်း၍ “ ထုတ်ကုန်လုံခြုံဘေးကင်းမှ လုံခြုံစိတ်ချ စားသုံးသူဘဝ ” ( Safe Products, Confident Consumers) ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာ ကွယ်ရေးလုပ်ဆောင် ချက်များ၊ နောင်နှစ်များတွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ စား သုံးသူပြည်သူများအနေဖြင့် စားသုံးသူနစ်နာမှုများ ကြုံတွေ့လာရပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြင့်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူများနှင့် လာရောက်တိုင်ကြားနိုင်ရန်အတွက်လည်း  တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင် /မြို့နယ်များတွင် စားသုံးသူရေးရာဦးစီးဌာနရုံးများ (စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများ - CICC ရုံးများ)ကို အချိန်ပြည့်ဖွင့်လှစ်ကာ လုပ်ငန်းတာဝန်များ ကို ဆောင်ရွက် လျက်ရှိကြောင်း၊ လူကိုယ်တိုင်မလာရောက်နိုင်ပါကလည်း Hotline နံ ပါတ် ၁၅၃၅ နှင့် အင်တာနက် စာမျက်နှာ www.doca.gov.mm သို့ တိုင်ကြားနိုင်ကြောင်းတို့ကို ပြည့်စုံစုံလင်စွာ ဆွေးနွေးပြောကြား ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(ပဲခူး)