
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးဆိုင်များတွင် မတ်လဒုတိယပတ်စတင်၍ နေပူကာအစိမ်း၊ အမဲနှင့် ဇာပြာတွေ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုလို ရာသီဥတုပူပြင်းလာသည်နှင့်အမျှ နေဒဏ်၊ မိုးဒဏ်၊ လေဒဏ်ကာကွယ်ရန်နှင့် သစ်ခွခြံများ၊ အပင်ငယ်ပျိုးခင်းများ၊ အခြားစိုက်ခင်းများတွင် နေရောင်ကာရန်နှင့် အခြားလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါသည်။ နေကာစိမ်း၊ အမဲနှင့် ဇာပြာများကို အဆောက်အအုံတွေအတွက် ဆန်းရှိတ်အဖြစ် အသုံးပြုသူများ ပြားလာသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါနေကာစများသည် နေရောင်ခြည်အပူရရှိမှုအား လျော့ပါးသက်သာစေသလို အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် တန်းများရန်မှ ကာကွယ်ပေးပါသည်။ ထိုင်းနိုင်ငံထုတ် နေကာစိမ်း အထူ (အကျစ်) တစ်ကိုက်လျှင် ကျပ် (၂၅၀၀)၊ နေကာစိမ်း အပါးတစ်ကိုက်လျှင် ကျပ် (၈၀၀)၊ နေကာအမဲ အထူ (အကျစ်) တစ်ကိုက်လျှင် ကျပ် (၂၅၀၀)၊ နေကာမဲ အပါးတစ်ကိုက်လျှင် ကျပ် (၈၀၀)၊ ဇာပြာ တစ်ကိုက်လျှင် ကျပ် (၁၅၀၀) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အလိပ်လိုက် ဝယ်ယူသူများအနေနဲ့ ဝယ်ယူမည့်ပေပေါ်မူတည်၍ အလိပ်ဈေးနှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
