ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ ၁၄ရက်နေ့ နံနက်(၀၈း၀၀)အချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျရောက်မည့်  အထိမ်းအမှတ်အဖြစ် ရတနာပုံ တံတားပေါ်တွင် သွားလာနေသော ခရီးသွားပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

               ထိုသို့ဆောင်ရွက်ခဲ့မှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဆောင်၍ ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် မတ်လ ၁၅ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ကြောင်း၊ ကုန်စည် /ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ နစ်နာဆုံးရှံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ လက်ကမ်းစာစောင်တွင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာနှင့် ဖုန်းနံပါတ်များ ဖော်ပြပါရှိသည့်အကြောင်းကို ခရီးသွား ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)