
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်း ကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ ဆောင်ရွက်လျက်ခဲ့ရာ မြဝတီ ရပ်ကွက်ရှိ ဆင်မင်း-၄ စတိုးဆိုင်သို့ ၄.၃.၂၀၂၆ရက်နေ့ နေ့လည် ၁၃နာရီ အချိန်ခန့်တွင် အေးခဲအစား စာအမျိုးမျိုးနှင့် အသင့်စားခေါက်ဆွဲခြောက်ထုတ် အမျိုးမျိုးတွင် ရှိသော ကုန်အညွှန်းအမှတ်အသား များသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင််း ရှိ/မရှိ၊ ညွှန်ကြားချက် ၂/၂၀၁၉ နှင့် ကိုက်ညီမှု့ ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
DOCA(စစ်ကိုင်း)
