
၂၆.၂.၂၀၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေးအထောက်အကူပြု Thursday talk ဆွေးနွေးပွဲ အခမ်း အနားကို ကျင်းပဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်း/ခရိုင်များမှ အရာထမ်း၊ အမှုထမ်း (၃၇)ဦး၊ Online ဖြင့် တက်ရောက်သူ (၁၈)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်များမှ အရာထမ်း၊ အမှုထမ်း(၃၀)ဦး၊ Online ဖြင့် တက်ရောက်သူ (၃၃)ဦး၊ စုစုပေါင်း (၁၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်း၊ဒု-တိုင်းဒေသကြီး ဦးစီးမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်မူက “ သံစဉ်များထုတ်လွှင့်ရာ မိုးမင်းဂစ်တာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တာဝန်ခံရုံးမှ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က “ ရင်ဝယ်ပိုက် လျက်ပါ ယွန်းလက်မှုပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Power Point ဖြင့် အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမှ အရာထမ်း/ အမှုထမ်းများက သိလိုသည်များကို အပြန်အလှန်ဖြည့်စွတ်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ၊ အသိပညာဖလှယ်ခြင်းများပြုလုပ်၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
