ဆန် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံခြင်း

Powered by Drupal

       စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြား‌‌ရေးမှူး)သည် (၁၉-၂-၂၀၂၆) ရက်နေ့ တွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံး၌ ဆန်၊စပါးရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါ သည်။

           ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ် ဈေး၊ ယခုအပတ် ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ် အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  DOCA(ရှမ်း)