
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်(ဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်း(၃)ဦးသည် အွန်လိုင်းစနစ်ဖြင့် အလှကုန်ပစ္စည်းများ ရောင်း ချနေသော သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ ဆုံတန်းလမ်းရှိ ဒေါ်ဇာခြည်ထွေး၏ ဆိုင်သို့သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ် ထပ်မံသက်တမ်းတိုးလျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့် (၅၀/၂၀၂၃)ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့ (၅၁/၂၀၂၃)ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိသည့်လုပ်ငန်းရှင်တို့၏ တာဝန်များ၊ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချ စေရေး၊ တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်စည်များရောင်းချခြင်းမပြု စေရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
