
မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်ချခြင်း ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက် အရ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်၍ တိုင်း/ ခရိုင်ဝန်ထမ်း(၅)ဦးနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်အတီ တို့နှင့်ပူးပေါင်း၍ (၂၁.၂.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသည့် လက်လီ/ လက်ကားကိုယ်စားလှယ်အရောင်းဆိုင်များသို့ ဆီရောင်းချမှု အခြေအနေများအား သွားရောက်၍ ကွင်း ဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိမိရရှိသည့် ဆီခွဲတမ်းအလိုက်ပြည်သူများလက်ဝယ်သို့ သတ်မှတ် ထားသည့် ပမာဏ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချပေးနေမှုများ ရှိ/မရှိ၊ အရောင်းဆိုင်များတွင် ပြည်သူများသို့ရောင်းချရန် သတ်မှတ်ထားသောရည် ညွှန်းဈေးနှုန်း ဗီနိုင်းများ ချိတ်ဆွဲထားခြင်းရှိ/မရှိ၊ လက်လီ/လက်ကားများမှာ ထုတ်ယူရမည့် ဆီခွဲတမ်းအလိုက် အမှန်တကယ် ထုတ် ယူရရှိမှု ရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချနေသည့် လက်လီ/ လက်ကားကိုယ်စားလှယ်များအား လက်ကား/လက်လီစာရင်းမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက် မှန်၊ အချိန်အတွယ်မှန်နှင့် အရည်အသွေးမှန်စသည်ဖြင့် မှန်(၆)မှန် အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် သတ်မှတ်ပမာဏ၊ သတ်မှတ်အရည်အသွေးဈေးနှုန်းဖြင့် မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချစေရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
