
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင်၍ ဒေါ်သီသီကျော်(အကြီးတန်းစာရေး)နှင့် ဒေါ်မြတ်နိုးလွင် (အငယ်တန်းစာရေး) တို့ ပါဝင်သောအဖွဲ့သည် 20-၂-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံ ရောင်းချသော လုပ်ငန်းရှင် ဦးရန်နိုင်ရှိုင်းအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံရမည့်အကြောင်း ၊အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အ ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ကုန်စည်/ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
