အစေ့ထုတ်ပြောင်းဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

      ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်းကို အဓိက စိုက်ပျိုးကြပြီး ယခုလအတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၂၀) ကျပ်ခန့်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      နိုဝင်ဘာလအတွင်း အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ(၁၄၅၂၂၈)အိတ်(၇၁၁၄) တန် ခန့်ရှိပြီး ယခင်လ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ (၄၈၁၄၅)အိတ် (၂၃၅၈)တန်ခန့် တင်ပို့ခဲ့ပါသည်။ ယခင်လနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းအနေဖြင့် တစ်ပိသာလျှင် (၁၂၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာပြီး တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် အစေ့ထုတ်ပြောင်းကို(၉၇၀၈၃)အိတ်(၄၇၅၆)တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းနှင့် အစေ့ထုတ်ပြောင်းကို ရန်ကုန်မြို့သို့အများဆုံး တင်ပို့လျက်ရှိပါကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။

     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ကယားပြည်နယ်မှ ရန်ကုန်မြို့ နှင့် အခြားမြို့များသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ(၂၇၀၅၈၄)အိတ် (၁၃၂၅၅)တန်ခန့် တင်ပို့ခဲ့ပါကြောင်း၊ ယခင်နှစ်ကာလတူနှိုင်းယှဉ်ချက်အနေဖြင့် အစေ့ထုတ်ပြောင်းကို (၁၅၄၀၂၂)အိတ်(၇၅၄၅)တန်ခန့် တင်ပို့မှုလျော့နည်းလာခဲ့ပါသည်။ ယခုနှစ် အစေ့ထုတ် ပြောင်းလျော့နည်းတင်ပို့ရခြင်းမှာ ဒေသအခြေအနေကြောင့် ပြောင်းစိုက်တောင်သူများ စိုက်ပျိုးရာသီချိန်တွင် အချိန်မီ မစိုက်ပျိုးနိုင်ခဲ့ခြင်း၊ သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ရမိပါသည်။

DOCA(ကယား)