ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆလပ်ရွက်၊ ကိုက်လန်နှင့် မုန့်ညှင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

Powered by Drupal

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိရာ ကိုက်လန်၊ ဆလပ်ရွက်နှင့် မုန့်ညှင်းရွက်တို့ကို မြို့ပေါ်ရပ်ကွက် များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ကန့်ဘလူမြို့ပေါ်သို့ လာရောက်ရောင်းချကြောင်း သိရှိရသည်။

           ထိုသို့စိုက်ပျိုးရာတွင်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ကုန်ကျစရိတ်အနည်းငယ်ရှိကြောင်း၊ မိသားစုလုပ်ငန်းဖြစ်သည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဆလပ်ရွက်()ပင်လျှင်(၅၀၀)ကျပ်၊ မုန့်ညှင်းရွက်()စည်း လျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းချဉ်()ပန်းကန်လျှင်(၃၀၀)ကျပ်၊ ()ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကိုက်လန်လက်လီ()စည်းလျှင်(၄၀၀)ကျပ်၊ လက္ကား()စည်းလျှင်(၁၀၀၀)ကျပ်တို့ ဖြင့်ရောင်းချရသည့်အတွက် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)