ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေဈေးနှုန်းအခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ် ဖြစ်ပါသည်။

      ကျိုင်းတုံမြို့အတွင်းရှိ နိုဝင်ဘာလ စတုတ္ထအပတ်  ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျား တံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၉၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၉၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၉၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၆၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၄၄၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ် ဖြစ်ပါသည်။

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်အောက်တိုဘာလ စတုတ္ထပတ်ထက် အနည်းငယ် ကျဆင်းပြီး၊ ပုလဲ(၁၅ပတ်လည်) တစ်မျိုးသာလျှင် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း ယခင်လစတုတ္ထပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။

DOCA (ရှမ်း)