မြင်းခြံမြို့၊ ကြံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်း

Powered by Drupal

      မြင်းခြံမြို့နယ်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော စားကြံသီးနှံပင်ကိုလည်း စိုက်ပျိုးထားကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် စားကြံစိုက်ဧက (၇၈)ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စားကြံများကို ပတ္တာကျေးရွာ၊ လယ်သစ် ရွာနှင့် သစ်ပင်ရှည်ကျေးရွာတို့တွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ရေကြိုက် သောသီးနှံဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ကြောင်း၊ ထယ်ထိုးထွန်မွှေ နှစ်ကြိမ်မှ သုံးကြိမ် ပြုလုပ်ပြီး ထယ်ရေးညက်အောင်ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးရန်အတွက် မြေကိုညှိ၍ စိုက်ပျိုးပေး ရကြောင်း၊ ရင့်မာသောကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ ကိုင်းဖြတ်မျိုးပွားပြီး ထယ်ကြောင်းပေး၍  အနက်(၆-၁၂)လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍ စိုက်ပျိုး ကြောင်း၊ တစ်ဧကအထွက် နှုန်းအနေဖြင့် (၁၅) တန် ခန့်ထွက်ရှိကြောင်း၊       ဒေသထွက်ကြံစျေးနှုန်းများမှာ (၁)ချောင်းလျှင် (၅၅၀၀)  ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၅၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့်  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ပင်ရှည်ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)