ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာ(တတိယ)ပတ်အတွင်း ဈေးကွက်အခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် လက်ကားကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသ နေရာအနှံ့အပြားနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်ဒေသများမှ ဆောင်းစိုက်၊ ပင်စိုက်များ နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါသည်။ နိုဝင်ဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ လက်ကားကုန်စည်ဒိုင်ပြတ်ဈေးမှာ အမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၆၅၀)၊ အလတ်စ ကျပ် (၃၄၀၀)၊ အနိမ့်စကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီ(၁)ပိဿာ ပျမ်းမျှကျပ်(၁၀၀)ခန့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်ကြောင်း ဒေသတွင်းကြက်သွန်နီများကို ပြည်ပပို့ကုန် မြဝတီမြို့သို့ တင်ပို့မှုနည်းပြီး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိပါသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့်ကုန်စုံဆိုင်ကြီးများတွင် ကြက်သွန်နီ လက်လီရောင်းချသည့် ဈေး နှုန်းမှာ ကြက်သွန်နီ(ဥ)အကြီး၊ အသေး၊ အလတ်၊ အရွယ်အစား၊ အရည်အသွေးလိုက်၍ ထိပ်စ(၁) ပိဿာလျှင် ကျပ်(၄၀၀၀)၊ အလတ်စ ကျပ်(၃၇၀၀)၊ အသေးစ ကျပ်(၃၃၀၀)ဖြင့် ရောင်းချနေကြောင်း ဝယ်ယူသုံးစွဲသူ စားသုံးသူများထံမှ သိရှိရသည်။ နိုဝင်ဘာ(တတိယ)ပတ်အတွင်း တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့၊ မြဝတီ၊ စစ်တွေ၊ မော်လမြိုင်မြို့များသို့ နေ့စဉ် တင်ပို့ အရောင်းအဝယ်ဖြစ်ပြီး တစ်ပတ်အတွင်း ကုန်ချိန်(၃)သိန်း၊ ၃၀ ပိဿာဝင်ဆန့် အိတ်(၁၀၆၂၃)၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် တစ်ဦးထံမှ သိရှိရပါသည်။
ယခုအချိန်တွင် ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများ ရာသီကုန်ဆုံးချိန်ရောက်ပြီဖြစ်သဖြင့် ဆိပ်ဖြူမြို့ရှိ တောင်သူများနှင့် ကုန်သည်ပွဲစားလှောင်လက်များထံတွင် ကြက်သွန်နီလက်ကျန် ကုန်ချိန်နည်းသွားပြီဖြစ်၍ ယခု(၁)ပတ်အတွင်း ကြက်သွန်နီကုန်ချိန်စီးဆင်းမှု နည်းသွားကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားများထံမှ သိရှိရသည်။
DOCA (မကွေး)