ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာ၌ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးမှု အခြေအနေ

Powered by Drupal

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာရှိ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးလျက်ရှိသော တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ယခုနှစ်တွင် (၁၈)ဧကခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ဇူလိုင်လတွင် ပျိုးထောင်၍ စက်တင်ဘာလတွင် အပြီးစိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် (၇၅)ရက် ခန့်ရှိပြီး ဒီဇင်ဘာလလယ်တွင် ရိတ်သိမ်းမည်ဖြစ်ရာ အထွက်နှုန်းအားဖြင့် (၁)ဧကလျှင် (၆၀၀၀-၆၅၀၀)ပိဿာထိ ထွက်ရှိနိုင်သည်ဟု မျှော်မှန်းကြောင်း သိရှိရပါသည်။
၎င်းတောင်သူအနေဖြင့် မိုးနှောင်းကြက်သွန်နီကို သရက်ချဉ်ကျေးရွာအုပ်စု ကွင်းအမှတ် (၄၄၂)တွင် တစ်စုတစ်စပ်ထဲ စိုက်ပျိုးပြီး ရွှေဖလား(မြစ်သား)မျိုးများ စိုက်ပျိုးထားကြောင်း၊ စိုက်နည်းစနစ်မှာ ပင်ကြား (၃)လက်မ တန်းကြား (၄)လက်မ အကွာအဝေးစိုက်ပျိုးထားပါကြောင်းနှင့် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး ပိုးမွားကျရောက်မှု နည်းပါးသောကြောင့် ယခင်နှစ်ထက် ကြက်သွန်နီ အထွက်ကောင်းနိုင်ကြောင်း တောင်သူဦးမောင်မောင်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA (မကွေး)