ဂေါ်ဖီထုပ် ဈေးနှုန်း/ ဈေးကွက် အခြေအ‌နေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ နိုဝင်ဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၁၀၀၀) ကျပ်၊ အသေး(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ အောက်တိုဘာလတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၈၅၀) ကျပ် ၊ အသေး (၆၀၀) ကျပ် ဈေးရှိခဲ့ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၁၅၀) ကျပ်၊ အသေး(၁၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း မုံရွာမြို့ ၊ ကန်သာယာဈေးရှိ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)