ကန့်ဘလူမြို့နယ်၌ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “မြန်မာပြည်ဂျိန်းဖော့” အဆင့်မြင့်ခရီးသည်နှင့်ကုန်စည်ပို့ ဆောင်ရေးမော်တော်ယာဉ်အသင်းအား ကွင်းဆင်းတွေ့ဆုံ၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၌ သတ်မှတ်လူဦးရေထက် ပိုမို တင်ဆောင်ခြင်းရှိ/မရှိ၊ ယာဉ်မောင်အရက်သေစာသောက်စားထားခြင်းရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်း ရှင်းစေရေးထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ မိမိတို့ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်လာပါကကုစားခွင့်ရရှိစေရေးစစ်ဆေးခြင်း၊ ကုန်ပစ္စည်းများကို တန်ဆာခရယူ၍ သယ်ဆောင်ရာတွင် သတ်မှတ် ရက်အတွင်းပို့ဆောင်မှုရှိ/မရှိ၊ ပစ္စည်းများ တစိတ်တပိုင်းပျက်စီးခြင်း၊ အားလုံးပျက်စီးခြင်း ဖြစ်ပေါ်ပါက ပေးလျော်ရန်သတ်မှတ်ချက်များရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီးစားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ လက်ကမ်းစားစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။        

DOCA(စစ်ကိုင်း)