ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းနှင့် ယခင်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်မှုနှိုင်းယှဉ်ခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုမြို့ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံနှင့်နှမ်းနက်များ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

အစေ့ထုတ်ပြောင်း

         အစေ့ထုတ်ပြောင်းတစ်တင်းလျှင် အနိမ့်ဈေး (၁၇၅၀ဝိ/-) နှင့် အမြင့်ဈေး (၁၈၀၀ဝိ/-) ပေါက်ဈေး ရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀) တင်း/ (၇၅) တန်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် (၃၀၀၀) တင်း/ (၇၅) တန် လျော့နည်းခဲ့သည်။

မြေပဲဆံ

       မြေပဲဆံတစ်တင်းလျှင် အနိမ့်ဈေး (၈၀၀၀ဝိ/-) နှင့် အမြင့်ဈေး (၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၅၀၀) တင်း/ (၁၁) တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် (၄၀၀) တင်း/ (၁၀) တန် လျော့နည်းခဲ့သည်။

နှမ်းနက်

       နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး (၇၈၀၀ဝိ/-) နှင့် အမြင့်ဈေး (၈၀၀၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀၀) တင်း/ (၄၉၀) တန်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင် အပတ်ထက် (၁၄၀၀၀) တင်း/ (၃၄၃) တန် ပိုမိုခဲ့သည်။

DOCA(စစ်ကိုင်း)