ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီး မှူးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄   ရက်နေ့တွင် ခရိုင်ဦးစီးမှူးရုံး၌ မိတ္ထီလာမြို့နယ် အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိရေး၊ စက်မှု လုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုစေရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းမှ MSME လုပ်ငန်းများအတွက်အသုံးပြု ရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ကြောင်း၊ ယခုလည်းဆက် လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါ ကြောင်း၊ စားအုန်းဆီသည်အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ ၍ အခြားနည်းဖြင့်ပြန်လည်သယ်ယူရောင်းချခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များကို လစဉ်လိုအပ်ချက် စားအုန်းဆီများကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်ပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင် ပါ ဝင်ပြသနိုင်ရေးစသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိ လာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံ မှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)