ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး ငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

စားတော်ပဲ

           ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၇၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၇၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ လက်ရှိအချိန်ထိ စားတော်ပဲအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာဝယ်ယူခြင်းနှင့် လက်ကျန်နည်းပါးခြင်းတို့ကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ် ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

            ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)