ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်း

Powered by Drupal

ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပြီးအချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီး သည် အောက်တိုဘာလတွင်အသီးများ စတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် တွင်အသီးကုန်ပါသည်။ ကယားပြည်နယ် ဈေးကွက်အတွင်း ရောင်းချနေသောထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုစသည့်ဒေသများမှ မှာယူတင်သွင်း ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီး အလုံးသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံး(၂၅၀)ကျပ်နှင့်ထောပတ် သီးအလုံးကြီးတစ်လုံးလျှင်( ၃၀၀ )ကျပ်အထိရောင်းချလျှက်ရှိပြီး ထောပတ်သီးသည် ဈေးကွက် အတွင်း အရောင်းသွက်သောသီးနှံတစ်မျိုးဖြစ်သည်ဟု လွိုင်ကော်မြို့ပေါ်ရှိ သစ်သီးဝလံရောင်းချ သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)