ကြက်ဥ/ဘဲဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

ကယားပြည်နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ပြည်နယ်အတွင်း၌ ကြက်ခြံများရှိသော် လည်း စားသုံးသူပြည်သူတို့၏ လိုအပ်ချက်အရ အခြားမြို့များဖြစ်သော ရှမ်းပြည်နယ်ဘက်ကအများ ဆုံးတင်သွင်းကြပြီး၊ ယခု နိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ကြက်ဥ/ဘဲဥ ဈေးနှုန်းမှာယခင်ကထက် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
ယခင် အောက်တိုဘာ တတိယပတ်တွင် ကြက်ဥကြီး တစ်လုံးလျှင်ကျပ်(၂၄၀)၊ ဥလတ် (၂၃၀)၊ ဥသေး (၂၂၀)ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် ကျပ် (၂၆၀)၊ ဥသေးတစ်လုံးလျှင် ကျပ်(၂၄၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခု လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် ကျပ်(၂၅၀) ၊ ဥလတ် (၂၄၀)၊ ဥသေး (၂၃၀) ကျပ် ၊ဘဲဥကြီးတစ်လုံးလျှင် ကျပ် (၂၈၀)၊ ဥသေး တစ်လုံးလျှင် ကျပ်(၂၇၀) ဈေးနှုန်းဖြင့် အရောင်းချနေကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှိ ကြက်ဥ /ဘဲဥရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။
DOCA(ကယား)