
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လစဉ် ကျန်းမာရေးဆေးဝါး စောင့်ရှောက်မှု့ခံယူရန် လာရောက်ကြသော ပင်စင်စားဝန်ထမ်းများအား ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားအုန်းဆီရောင်းချပေးခဲ့ပါသည်။
စားအုန်းဆီရောင်းချပေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများမှကြီးကြပ်၍ ဆီကိုယ်စားလှယ်မှလာရောက်ရောင်းချပေးခဲ့ရာ လစဉ် ပင်စင်ထုတ်ရက်၌ ကျန်းမာရေးစောင့်ရှောက်လာ ပင်စင်စားဘိုးဘွားများ စုစုပေါင်းဦးရေ (၇၀)ဦး လာရောက် ဆေးပြသကြသော်လည်း၊ စားအုန်းဆီဝယ်ယူသူပင်စင်စားဦးရေမှာ(၆၅)ဦးဖြစ်ပါသည်။ ဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်ဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်းစီဖြင့် ဆီပိဿာစုစုပေါင်း (၆၅)ပိဿာ၊ ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
