
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိသောဒေသတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို သီးနှံအထွက်နှုန်းပိုမိုကောင်းမွန်စေရေးအတွက် အသုံးပြု လျက်ရှိရာ မြစ်ကြီးနားမြို့ပေါ်ရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ ဝယ်ယူအသုံး ပြုလျက်ရှိကြောင်းသိရှိရပါသည်။
မြစ်ကြီးနားခရိုင်အတွင်းရှိ စိုက်ပျိုးရေလုပ်ငန်းသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ် စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာ စျေးနှုန်း များမှာ ယူရီးယား(50)kg တစ်အိတ်လျှင်ကျပ် ၂၃၀၀၀၀၊ တီစူပါ(သံကွင်း) (50)kg တစ်အိတ်လျှင် ကျပ် ၂၁၀၀၀၀၊ ရွှေကောမတ် (50)kg တစ်အိတ်လျှင်ကျပ် ၂၁၀၀၀၀၊ပိုတက် (50)kg တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၀ ၊ကွန်ပေါင်း (၉:၉:၉) (50)kg တစ်အိတ်လျှင် ကျပ်၂၀၀၀၀၀၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50)kg တစ်အိတ်လျှင်ကျပ်၂၄၀၀၀၀ ၊ အာမို(၁၆:၁၆:၁၆) (50)kg တစ်အိတ်လျှင်ကျပ် ၂၄၅၀၀၀ ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့်လည်း ယခုပတ်အတွင်းရောင်းချနေသော ဈေးနှုန်းများမှာ ဆိုင်ရာမို(500)cc တစ်ပုလင်းလျှင်ကျပ် ၁၈၀၀၀၊ Rocket (100)cc တစ်ပုလင်းလျှင် ကျပ် ၁၈၀၀၀၊ အီဗာလန်ဒါ (100)g တစ်ထုပ်လျှင်ကျပ် ၁၈၀၀၀၊အလန်း (100)g တစ်ထုပ်လျှင် ကျပ်၁၅၀၀၀၊ ဘတ်စတား(10)g တစ်ထုပ်လျှင်ကျပ် ၅၀၀၀ ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ မြေပြင် ကွင်းဆင်းစစ်ဆေးချက်များအရ ယခုလက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ကချင်)
