
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသေးစား၊ အလတ်စား၊ အငယ်စား ဖွံ့ဖြိုးတိုးတက်ရန် ကူညီ အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဈေးကွက်ရရှိရေး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မုန့်လုပ်ငန်းများ တပိုင်တနိုင် ထုတ်လုပ်မှုမှ စီးပွားဖြစ်လုပ်ကိုင်နိုင်ရေး နည်းလမ်းကောင်း ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မအူပင်မြို့ မြို့မရပ်ကွက်ရှိ ဦးထွန်းဝေ မုန့်ဟင်းခါးဖတ်ထုတ်လုပ်သော လုပ်ငန်းသည် ၁၂ ရပ်ကွက် တွင် ထုတ်လုပ်ကြောင်း သိရပြီး ကုန်ကြမ်းအနေဖြင့် ဆန်(ကရင်မ)နှင့် ဆန်ကွဲကိုသာ အသုံးပြုကြောင်း၊ ထုတ်လုပ်မှု အနေဖြင့် တစ်နေ့ကို ၂၄ပြည် ဆန် ၃အိတ် ကုန်ကျပြီး တစ်နေ့ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ် ၃၅၀၀၀၀ကျပ်မှ -၄၀၀၀၀၀ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရသည်။ မုန့်ဖတ် ထွက်ရှိမှု အနေဖြင့် တစ်နေ့ထုတ်လုပ်မှု၏ ပိဿာချိန် ၂၀၀မှ ၃၀၀ခန့် ထွက်ရှိသည်၊၊ မုန့်ဖတ်ရောင်းချ မှု ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၂၅၀၀ကျပ် လက်လီဈေး ၃၀၀၀ကျပ်ဖြင့် ရောင်းချပြီး မအူပင်မြို့အတွင်းသာ ရောင်းချကြောင်း သိရသည်။ တစ်နေ့ထုတ်လုပ်မှု ထွက်ရှိမှုအပေါ် ရရှိသော အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၁၅၀၀၀၀-၂၀၀၀၀၀/-ကျပ် ခန့် ရရှိကြောင်း၊ အလှူ၊ မင်္ဂလာရက်များ ရှိပါက မုန်ဖတ်ပိုမိုထုတ်လုပ်ရောင်းချရသည်။ မုန့်ဖတ်ထုတ်လုပ်သည့် လုပ်ငန်းကို ၁၉၉၀ခုနှစ် ကတည်းက လုပ်ကိုင်လာခြင်းဖြစ်ပြီး စီးပွားဖြစ် တပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိကြောင်း မုန့်ဖတ်ထုတ်လုပ်သူပိုင် ရှင်ထံမှ သိရသည်။
DOCA(ဧရာဝတီ)
