ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဆီနေကြာသီးနှံဈေးနှုန်း

Powered by Drupal

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်းကွာခြားမှုရှိကြောင်း သိရသည်။

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလ ဒုတိယပတ်၏ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါကယခုတတိယပတ်အတွင်းအရောင်းအဝယ်အေးနေသောကြောင့် ဆီနေကြာတစ်တင်းလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ထွက်ရှိသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။   

DOCA(စစ်ကိုင်း)