
မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ လက်ရှိထောပတ်သီးရာသီကုန်ချိန်တွင် အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရှိရပါသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံကလည်း ကမ္ဘောဒီးယားနိုင်ငံကိုမတင်ပို့နိုင်တော့သည့်အတွက် အဝယ်နည်းသော်လည်း တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ ခွင့်ရအောင် ကြိုးစားနေပါကြောင်း၊ တရားဝင်တင်ပို့ခွင့်ရလျှင် ဒီထက်ဈေးပိုကောင်းလာမှာဖြစ်ပါကြောင်း သိရှိရပါသည်။
ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ထောပတ်ပင်သည် နှစ်ရှည်ပင်ဖြစ်ကာ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီးသီးကြောင်း၊ ထောပတ်သီးကို ရှမ်း ပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံတို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တို့၌လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။
(DOCA ဧရာဝတီ)
