
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၆) ရက် နေ့၊ ည နေ(၃:၀၀) နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွားရေတိုက် ကျေးရွာအုပ်စု၊ နွားရေတိုက်-ပန်းစံကွင်းလမ်းဘေးရှိ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေတွင် ကျင်းပ ပြုလုပ်သော “၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး ဓာတုကင်းလွတ်ပေါ်ဆန်းမွှေး စံကွက် ရိတ်သိမ်းပွဲ ” အခမ်း အနားသို့ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင် ၊ မြို့နယ် စိုက်တိုးမြှင့်ဌာနများ နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ်တာဝန်ခံ နှင့် ရေကြည်မြို့နယ်တာဝန်ခံတို့မှ တက် ရောက်ခဲ့ပါသည်။
ရေကြည်မြို့နယ်တွင် ဓာတုကင်းလွတ် ပေါ်ဆန်း (၂၅၀) ဧက အပါအဝင် ပေါ်ဆန်း ဧက စုစုပေါင်း (၄၁၅၈) ဧက စိုက်ပျိုးထားရှိပြီး စံကွက်ရိတ်သိမ်းသည့် ဦးကြည်ခိုင်စိုး၏ ဓာတုကင်းလွတ် ပေါ်ဆန်းမွှေး (၀.၅) ဧက မှ (၈၇.၈၂) တင်း ထွက်ရှိပါကြောင်းနှင့် လက်ရှိ ရေကြည်ပေါ်ဆန်းစပါး ဈေးနှုန်းမှာ အစိုဓာတ် (၁၆% မှ ၁၈%) စပါးတင်း (၁၀၀) လျှင် (၄၂၀၀၀၀၀/-) ကျပ်ဈေးနှင့် စက်အရောက် အစိုဓာတ် (၁၄%) စပါးတင်း (၁၀၀) ဈေးမှာ ကျပ် (၄၇၀၀၀၀၀/-) ကျပ် ဖြင့် ရောင်းချရကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
