
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သာဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန်သည်များသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်များမှာယူလျက်ရှိပြီး (၁၉.၁.၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ သယ်ဆောင်လာသော MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန် (၄၅၀)၊ အိတ်ရေ (၉၀၀၀)နှင့် MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် မြိတ်မြို့သို့ (၂၂.၁.၂၀၂၆)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင် အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ရေယာဉ်တွင်ပါဝင်သောကုန်စည်များအပါအဝင် ဆန်အိတ်များကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
