
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်း ကိုယ်စားလှယ်မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၁၄.၁.၂၀၂၆) ရက်နေ့တွင် ဝယ်ယူခဲ့သော စားအုန်းဆီ ပေပါ (၁၄)ပေပါကို ယာဉ်အမှတ် 9B-1094 ဖြင့်လည်းကောင်းသယ် ဆောင်လာပြီး၊ Global Good Pure Group ကုမ္ပဏီမှ (၁၅.၁.၂၀၂၆) ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၇)ပေပါနှင့် စားအုန်းဆီ ပေပါ (၄၅)ပေပါကို ယာဉ်အမှတ် 9B-1094 နှင့် ယာဉ်အမှတ် 3I-6278 ဖြင့် သယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၂၁.၁.၂၀၂၆) ရက်နေ့တွင် ရောက်ရှိလာ ခဲ့ကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးချက်အရ စားအုန်းဆီပေပါ (၈၆)သည် မြိတ်မြို့သို့ရောက်ရှိလာပြီး ၎င်းတို့ ကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်း ချပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့်ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည် ဖြစ်ကြောင်းသိရှိ ရပါသည်။
DOCA(တနင်္သာရီ)
