စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေသြဇာဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၂.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ “စံမေတ္တာ” (၂) မျိုးစေ့ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍  ဓာတ်မြေသြဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် စျေးနှုန်းတို့အား လေ့လာ စစ်ဆေးခဲ့ရာတွင် ရွှေတောင်ပုလဲ ၅၀ Kg တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ အာဗို ၁၅ ပတ်လည် (ရိုးရိုး) အသီး ၅၀ Kg တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ အာဗို (၉/၂၅/၂၅) အသီး ၅၀ Kg တစ်အိတ်လျှင် (၂၀၈၀၀၀) ကျပ်၊  V super (အသီး) ၅၀ Kg တစ်အိတ်လျှင် (၂၀၄၀၀၀) ကျပ် တို့ဖြင့် ရောင်းချနေပြီး ထိုစျေးနှုန်းများသည် ဒေသအတွင်း သင့်တင့်သော ဈေးနှုန်း ဖြစ်ကြောင်းနှင့် ဓာတ်မြေဩဇာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ယခု ရာသီ ကာလသည် စိုက်ပျိုးရေးတောင်သူများ ရာသီသီးနှံများ စိုက်ပျိုးသည့် ကာလဖြစ်သည့်အတွက် ဓာတ်မြေဩဇာများ အရောင်းသွက်နေကြောင်း  သတင်းရရှိပါသည်။

DOCA (မွန်)