ပေါင်းတည်မြို့နွေစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့၌ ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေးရယူကာ ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ကြရာ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးအဖွဲ့က တောင်သူများ နှင့်ပူးပေါင်းကာ ဆက်လျက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

     ထိုသို့ဆောင်ရွက်ရာ၌ ဝဲကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်သိုလှောင်ထားရှိမှု အခြေအနေ၊ နွေစပါးစိုက်ပျိုးမည့် စိုက်ပျိုးမြေဧရိယာနှင့် ရေဖြန့်ဝေနိုင်မှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ကြပြီး ယခုနှစ်အတွင်း နွေစပါးစိုက်ပျိုးရန် ၂၆၃၄၃ဧက လျာထားသတ်မှတ် ခဲ့ကြောင်းသိရပါသည်။

      ထိုနွေစပါးစိုက်ပျိုးရေးအတွက် ဝဲကြီးရေလှောင်တမံမှ ၂၀၂၆ခုနှစ် ဇန်နဝါရီလမှ စတင်၍ စိုက်ပျိုးရေးပေးဝေနိုင်ရေးကို ဆည်မြောင်းဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ တောင်သူများအနေဖြင့် နွေစပါးများဖြစ်ထွန်းအောင်မြင်ရေးအတွက် စိုက်ပျိုးမည့်မြေများ၌ ကြိုတင် ထွန်ယက်ကာ နွေထယ်ရေးခံခြင်း၊ မြေပြုပြင်ခြင်းနှင့် လယ်ကြားမြောင်းများ တူးဖော်ခြင်း များကို ကြိုတင်လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)