တောင်ငူမြို့၌ ဆောင်းသီးနှံမတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများသည် စိုက်ပျိုး မြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါး၊ ‌ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးခြင်းကို စီးပွားဖြစ်စိုက်ကြသည်။ မြန်မာနိုင်ငံ၏ပြည်ပပို့ကုန်အဖြစ် မတ်ပဲသည် အဓိကနေရာတွင် ရှိနေပြီး နိုင်ငံတော်အတွက် စိုက်ပျိုးရေးကဏ္ဍမှ နိုင်ငံခြားဝင်ငွေရရှိအောင်ဆောင်ရွက်နေသည်။

    ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံမှဝင်ငွေတိုးပွားစေရန် စားနပ်ရိက္ခာဖူလုံရေးအတွက် မတ်ပဲကိုအားထားစိုက်ပျိုးကြသည်။ မတ်ပဲစိုက်ပျိုးရာတွင် တောင်ငူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်တင်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိ ရေး၊ သွင်းအားစုများ အချိုးကျမှန်ကန်စွာ သုံးစွဲနိုင်ရေးနှင့်စနစ်တကျစိုက်ပျိုးရေးကျေးရွာများတွင် သင်တန်းများပေးခြင်း၊ ကြီးကြပ်ကူညီပေးခြင်းများကို ဆောင်ရွက်နေသည်။ မိုးစပါးရိတ်သိမ်းပြီး လျှင် ဆောင်းသီးနှံမတ်ပဲကို နိုဝင်ဘာလမှ စတင်စိုက်ကြပြီး မတ်ပဲအထွက်ကောင်းမျိုးများဖြစ်ကြ သော TBL.9၊ ရေဆင်း (၄)၊ ရေဆင်း (၇) မတ်ပဲမျိုးများအများဆုံးစိုက်ပျိုးကြသည်။

    မတ်ပဲစိုက်ပျိုးရန် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧက ၃၁၆၂၈ ဧကလျာထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မတ်ပဲ ၂၀၇၂၉ ဧကစိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ်တွင် မတ်ပဲစိုက်ဧကသည် ယခင်နှစ်ထက် ၁၀၈၃၇ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့သည့်အတွက် စိုက်ဧကစုစုပေါင်း ၃၁၆၂၈ ဧကစိုက်ထားပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မတ်ပဲစိုက်ခင်းများစတင်ရိတ်သိမ်းတော့မည်ဖြစ်ပြီး မတ်ပဲရိတ်သိမ်းပြီး နွေစပါးများစိုက်ကြမည်ဖြစ်သည်။ မတ်ပဲပေါက်ဈေးပိဿာ ၃၀ တစ်အိတ်လျှင် ၁၃၁၀၀၀ ကျပ်ဈေး ပေါက်နေပြီး မတ်ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိခြင်းကြောင့် မတ်ပဲစိုက်တောင်သူကြီးများ အပိုဝင်ငွေတိုးတော့မည်ဖြစ်သည်။

DOCA(ပဲခူး)