မုံရွာမြို့တွင် ဈေးကွက်ဝင် မတ်ပဲသီးနှံဈေးနှုန်း

Powered by Drupal

                      ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည်။ မတ်ပဲကို အစိုဓါတ်နှင့် မြေဆီလွှာ အာဟာရ အနည်းငယ်သာရှိသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မတ်ပဲကိုများသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး၊ မိုး တွင်းပိုင်းတွင် အနည်းငယ် စိုက်ပျိုးကြပါသည်။ မတ်ပဲသည် နိုင်ငံခြားဈေးကွက်ရှိသော သီးနှံလည်း ဖြစ်ပါသည်။

                  မိုးသီးနှံမတ်ပဲကို ဇွန်လနှင့်ဇူလိုင်လများတွင် စိုက်ပျိုးပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် ရိတ်သိမ်းကြပါသည်။ဆောင်းသီးနှံ မတ်ပဲကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စိုက်ပျိုးကြပြီးဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတွင်ရိတ်သိမ်းကြပါသည်။မတ်ပဲ တောင့်များကို အစိမ်းရောင်မှအနက်ရောင်သို့(၇၅)ရာခိုင်နှုန်းအထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းကြပါသည်။

          ယခင်နှစ် နိုဝင်ဘာလ တတိယအပတ်တွင် မတ်ပဲများ အသစ်ပေါ်ချိန်ဖြစ်၍ တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ယခုနှစ် ဇန်နဝါရီလတတိယအပတ် မတ်ပဲတစ်တင်းလျှင် ၉၂၀၀၀ ကျပ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းအရ သိရပါသည်။

            မတ်ပဲကို ခွဲခြမ်းပြုလုပ်၍ မတ်ပဲဘယာကြော်၊ အပင်ပေါက်ဖောက်၍ မတ်ပဲပင်ပေါက်၊ ၎င်းအပင်ပေါက်ကို အချဉ်တည်၍ ပဲပင်ချဉ်အဖြစ် အမျိုးမျိုးပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)