
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် သီးနှံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော နနွင်းကို ၂၀၂၃ ခုနှစ်မှ စ၍ တစ်ပိုင် တစ်နိုင်စိုက်ပျိုးပြီး ရောင်းချ လျက်ရှိကြောင်း သိရသည်။
နနွင်းသီးနှံကို ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလတွင် ထွက်ပေါ် ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုး၍ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းဝန်းကျင်ကုန်ကျမည် ဖြစ်ကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် နနွင်းပိဿာချိန် ၅၀၀-၆၀၀ ခန့် ထွက်ရှိကြောင်း၊ သီးနှံပေါ်စအချိန်တွင် နနွင်းတက် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းများကို ဒေသတွင်းရောင်းချမှုအပြင် မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့် ရရှိကြောင်း၊ နနွင်းစိုက်ပျိုး ခြင်းသည် နနွင်းတက်များသာမက နနွင်းဖူးများပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိပြီး နနွင်းစိုက်ခင်းများလည်းအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
