
၁၆.၁.၂၀၂၆ ခုနှစ် နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စက်များသို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့မှ ဆန်စပါးကြိတ်ခွဲနိုင်မှု အခြေအနေ၊ စက်ကြိတ်ခ နှုန်းထား ကုန်ကြမ်းရရှိမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေ၊ လုပ်သားအင်းအား၊ မီးဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့ရသော အခက်အခဲများ၊ လိုအပ်ချက်များအား လုပ်ငန်းရှင်များအား မေးမြန်းစုံစမ်းခြင်း၊ လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
