တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

       တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (3.000)၊  စုစုပေါင်းကုန်သွယ်မှုပမာဏ ကျပ်သန်း (73.000) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ (၇) လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း း(6.239)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(3.714)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (9.953) ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း း(0.251)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.23) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (0.454) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၈) လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (6.490)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (3.917)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (10.407) ဖြစ်၍ (၁) နှစ်စာလျာထားချက်အပေါ် (14.256)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ နိုဝင်ဘာလထိ (၈) လတာလျာထားချက်အပေါ်  (25.888) % ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ အုန်းသီး၊ နန့်ဖာလုံကုန်စုံနှင့် စီးကရက်တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

      တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)