မြောင်းမြခရိုင်ဦးစီးမှူးမှ အိမ်မဲမြို့နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် နှင့် ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက အိမ်မဲမြို့နယ် ဦးစီးမှူးရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ Gasifier နှင့် စပါးခွံလောင်စာတောင့်စက်ရုံများ တိုးချဲ့တည်ဆောက်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းတိုးချဲ့တည်ဆောက်ရေးအတွက် လိုအပ်သည့်ချေးငွေကိစ္စများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိရောင်းဝယ်ကြိတ်ခွဲ၊ ထုတ်လုပ်နေသော ဆန်  စပါး ဈေးနှုန်းဈေးကွက်အခြေအနေများ အချိန်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် စားသုံးသူများနစ်နာမှုမရှိစေနိုင်ရေး မလိုလားအပ်သော အငြင်းပွားမှုများမဖြစ်ပေါ်စေရေး ဂရုစိုက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်၊ ဆွေးနွေးပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၂)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)