ကျွန်းလှမြို့တွင် ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာသော ဗုံလုံသီး(ခေါ်) ‌ပဲလင်းမြွေသီးနှင့် ခဝဲသီး ဈေးနှုန်း

Powered by Drupal

             ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခဝဲသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

            ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်း မြွှေသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင်(၇၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ခဝဲသီး ဈေးနှုန်းမှာ ဒေသထွက် ခဝဲသီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့် ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး နှင့် ခဝဲသီးတို့ကို မိမိတို့ဒေသအနီးတဝိုက်ကျေးရွာများမှ ဝယ်ယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)