
၂၀၂၄ခုနှစ်၊ ဇူလှိုင်လ(၁)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မကွေးတိုင်း ဒေသ ကြီးအတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ တွေ့ဆုံဆွေးနွေးပွဲ၌ ဆန်စပါးဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကစားမှုများ ထိန်းချုပ်နိုင်ရေးအတွက် စပါးကုန်သည်(ကြားပွဲစား)များ မှတ်ပုံ တင်ပြုလုပ်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့မှုအရ မကွေးခရိုင်အနေဖြင့် ခရိုင်အတွင်းရှိ ဆန်စပါးအဓိက ထွက် ရှိရာဒေသများဖြစ်သော တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် စပါးအရောင်းအဝယ် ပြုလုပ်သည့် စပါးကုန်သည်များအား မှတ်ပုံတင်ပြုလုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။
ထို့သို့ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအထိ မကွေးခရိုင် အတွင်း တောင်တွင်းကြီးမြို့နယ်မှ (၄၆)ဦး၊ မြို့သစ်မြို့နယ်မှ (၈)ဦး၊ စုစုပေါင်း (၅၄)ဦး စပါးကုန်သည် (ကြားပွဲစား)ကဒ် လျှောက်ထားလာမှုအပေါ် (၅၄)ဦးလုံး မှတ်ပုံတင်ကဒ် ရရှိခဲ့ကြပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်တွင်းကြီးမြို့နယ်မှ (၃၃)ဦး၊ မြို့သစ်မြို့နယ်မှ (၁၅)ဦး၊ စုစုပေါင်း (၄၈)ဦး၊ (ကြားပွဲစား) မှတ်ပုံတင်ကဒ် လျှောက်ထားကြရာ (၄၁)ဦး မှတ်ပုံတင်ကဒ် ရရှိခဲ့သဖြင့် သက်ဆိုင် ရာမြို့နယ်များသို့ ပေးပို့ထားခဲ့ပြီး ကျန်ရှိသော မှတ်ပုံတင် လျှောက်ထားသည့် စပါးကုန်သည် (၇)ဦးကိုလည်း စပါးကုန်သည်(ကြားပွဲစား)ကဒ် ရရှိနိုင်ရေးအတွက် ဆက်လက်တင်ပြဆောင်ရွက် ထား ပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
