
စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန်နှင့် အတည်ပြုဆုံးဖြတ်ပေးရန်၊ စားသုံး သူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို မှတ် တမ်းတင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး စားသုံးသူ ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅.၁.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက (၅/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ် ချက်များရယူခြင်း၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြ ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။
DOCA(မကွေး)
