သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ရောင်းချပေးနေမှု

Powered by Drupal

          ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍  (၂၃-၁၁-၂၀၂၂)ရက်နေ့၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်မနားမြို့နယ်၊ ပျဉ်းမနားအမှတ်(၁)မြို့မဈေး တွင် ဆီပိဿာချိန် (၅၆၀)ကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေးတွင် ဆီပိဿာချိန် (၅၆၀) ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဈေးတွင် ဆီပိဿာချိန် (၅၆၀)ကို လည်းကောင်း တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် စုစုပေါင်း ဆီပိဿာချိန် (၁၆၈၀)ကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)