ဓနုဖြူမြို့နယ် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ ဓနုဖြူမြိုန့ယ်  ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေး သည့်ဝန်ဆောင်မှုများပေးအပ်စေခြင်းဖြင့် ဝန်ဆောင်မှုကိုအသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလို အပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ် လာပါကဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့် ရရှိစေရန်၊စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့၊ နေ့လယ်  (၁၄:၀၀)နာရီအချိန်က  စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်များကြီးကြပ်ရေးကော်မတီများပူးပေါင်း၍ ဓနုဖြူ- ရန်ကုန် ကားဝင်းသို့သွားရောက်ပြီး မော်တော်ယာဉ်အသင်းပိုင်ရှင်များအား ကွင်းဆင်း စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မော်တော်ယာဉ်လိုင်းများတွင် ကုန်ပစ္စည်းတန်ဆာပေး ပို့မှုပြေစာ တွင်ဆက်သွယ်ရမည့်ဖုန်းအမှတ်များ၊ စားသုံးသူနှင့်ယာဉ်အသင်း အကြားသတ်မှတ်ထားသည့် စည်း ကမ်း ချက်များဖော်ပြထားပြီးညွှန်ကြားချက်များနှင့်အညီလုပ်ငန်းဆောင်ရွက်လျက်ရှိ ကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။ မော်တော်ယာဉ်အသင်းပိုင်ရှင်များ အားစားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင် ၏  အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးရမည့်အချက်များ၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များအား  အသိပညာပေးဆွေးနွေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)