အခြေခံပညာအထက်တန်းကျောင်း(သပြေကုန်း)ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၁၃.၁.၂၀၂၆)ရက် နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့ ၊ကျောင်း မုန့်ဈေးတန်း ကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန် အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော မုန့် များကိုသာရောင်းချရန်၊သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက် များ၊သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိ ပညာပေး မှာကြားခဲ့ကြောင်းသိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)