စားသုံးသူကာကွယ်ရေးဆိုင်ရာ တားမြစ်ချက်များအကြောင်း TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၂.၁.၂၀၂၆)ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင် လေးမျက်နှာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ တားမြစ်ချက်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင်   မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့ တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၂၃)ပါ  တားမြစ်ချက်များဖြစ်သော  ပုဒ်မ ၆၂ အရ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကိုဖြစ်စေ ထိခိုက်နစ်နာစေသော ရည်ရွယ် ချက်ဖြင့် စားသုံးသူကို သွေးဆောင်ဖြားယောင်း၍ တိုင်ကြားစေခြင်း၊ မမှန်မကန် သက်သေထွက်ဆိုခြင်း နှင့် မမှန်မကန်သတင်း ဖြန့်ဖြူးခြင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းသောကိစ္စများကို ဆောင်ရွက်စေခြင်းမပြုလုပ်ရန်နှင့်ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကို ပြုပြင်ပြောင်းလဲပြီးမှ ရောင်းချခြင်း၊ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟုမမှန်မကန်ဖော်ပြခြင်း၊ သုံးစွဲရမည့်ရက်စွဲထက်ကျော်လွန်နေသော ကုန်စည်ကိုရောနှော ရောင်းချခြင်း၊ အမျိုးအစားတူ အရည်အသွေးနိမ့်ကုန်စည်နှင့် အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်ကို ရောနှောရောင်းချခြင်း များ မပြုစေရေး  ပုဒ်မ ၆၅ အရ တားမြစ်ထားကြောင်း၊ ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ပါက ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA ဧရာဝတီ)