
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်ဌေးသည် (၁၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိကုန်မျိုးစုံ ရောင်းချသော စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ဦးမြင့်ဌေးမှလပွတ္တာမြို့၊အမှတ်(၇)ရပ်ကွက်၊နန္ဒဝန်ဈေးတွင် ကုန်မျိုးစုံရောင်းချ နေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေခြင်းအကျိုးငှာ စားသုံးသူ ကာကွယ်ရေး အသိပညာများတိုးပွားစေရန် အတွက် ဟောပြောရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လစဉ် စီးပွားရေးလုပ်ငန်းရှင် များအား အလှည့်ကျပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊တားမြစ်ချက်များ၊ပြစ်မှု ပြစ်ဒဏ် များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိ စေရေးအလေးထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လိုက်နာမှုမရှိပါက ထုတ်ပြန်ထား သောဥအဒေများအတိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းရှင်းလင်းဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့ကုန်မျိုးစုံ ရောင်းချသူလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
